Thursday, February 27, 2014

iPhone 4S နဲ့ iPad 2 ကို Untether Jailbreak လုပ်ကြရအောင် (For Windows Users)


သင့်ရဲ့ဖုန်းဟာ iOS Version 5.0 သို့မဟုတ်  5.0.1 ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီလိုသွားပြီး စစ်ကြည့်ပါ။
Settings > General > About > Version = ?.?.? (?????)
မဖြစ်သေးဘူးဆိုရင် တော့ အမြန်လေး Update လုပ်လိုက်ပါ

 သင့်အနေနဲ့ ပထမဆုံး Absinthe ကို Download

လုပ်ထားဖို့လိုအပ်ပါတယ်။ Download ထားတဲ့ zip ဖိုင်ကို (unzip) ဖြေလိုက်ပါ။
သင့်ရဲ့ iPhone 4S သို့မဟုတ် iPad 2 ကို ကွန်ပြုတာနဲ့ USB မှတဆင့် ချိတ်ဆက်လိုက်ပါ။
အောက်က ပုံလေးအတိုင်း absinthe.exe ဆိုတဲ့ အပေါ်မှာ Right Click ခေါက်ပြီး Run as  administrator ကို နှိပ်ပေးပါ။ သို့မှ သာလျှင် Error တက်ခြင်းတွေကို ရှောင်ကွင်းနိုင်ပါလိမ့်မယ်။







အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Absinthe က သင့်ရဲ့ Device လေးကို အသိအမှတ်ပြုကြောင်း ဖော်ပြလာပြီဆိုရင်တော့ Jailbreak ဆိုတာလေးကိုနှိပ်ပေးပါ။





Jailbreak process လုပ်နေစဉ် သင်ရဲ့ Device လေးဟာ Restart လုပ်သွားပါလိမ့်မယ်။ စိတ်ရှည်စွာခဏစောင့်ပါ။





Device ပြန်ပွင့်လာတဲ့ အခါ Jailbreak လုပ်ခြင်းကို ဆက်လက် မြင်တွေ့ရပါလိမ့်မယ်။
Jailbreaking ပြီးဆုံးသွားပြီဆိုရင်တော့ သင့်ရဲ့ Device လေးမှာ အောက်မှာပြထားတဲ့ ပုံလေးအတိုင်း Absinthe app လေးကိုမြင်တွေ့ရမှာပါ။ အဲ့ဒီ Absinthe လေးကို ထိပြီး ဖွင့်လိုက်ရင် Restart လုပ်သွားပါလိမ့်မယ်။





သင့်ရဲ့ Device လေးပြန်ပွင့်လာတဲ့ အချိန်မှာတော့







ဒါဆိုရင်တော့ သင်ရဲ့ Device လေးကို Jailbreak လုပ်ခြင်းပြီးဆုံးသွားပါပြီ။

 Absinthe  ကိုဒီလင့်မှာ  Download  ဆွဲပါ (For Windows User Only)


                             လေပြေ နည်းပညာဆိုဒ်မှ ပြန်လည်မျှဝေသည်။

0 comments:

Post a Comment